Welcome To

Mandalay Yatanar Mall

Gems & Jewellery Shopping Mall




၁။             ပြည်တွင်းပြည်ပမှ ကျောက်မျက်ရတနာ ကုန်သည်ကြီးများအား စုစည်း၍ နိုင်ငံတကာကျောက်မျက်ရတနာဈေးကွက်တခု ဖော်ဆောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံစီးပွားရေး မြို့တော် မန္တလေးမြို့၏ ဂုဏ်ဆောင်ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားရာ နေရာတခု ဖြစ်ပေါ်လာစေပြီး နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတတ်ရရှိစေရန် နှင့် နိုင်ငံခြားဝင်ငွေရရှိစေရန်။

၂။            ကျောက်မျက်ရတနာ ရောင်း/ဝယ်ယူလိုသူများ အတွက် ကျောက်မျက်ရတနာမျိုးစုံကို တစ်နေရာတည်း၌ ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စုစည်းရရှိနိုင်ပြီး (One Stop Service) ဝန်ဆောင်မှုများနှင့် အတူ ယုံကြည်စိတ်ချစွာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ရတနာဈေးကြီးတခု ဖြစ်ပေါ်လာစေရန်။

၃။            မြန်မာနိုင်ငံ၏တွင်းထွက်ကျောက်မျက်ရတနာအကြမ်းထည်များကို တရားမဝင်ရောင်းဝယ်ခြင်းကြောင့် ဖြစ်ပေါ်နေသော နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှုကို ကာကွယ်ရန်နှင့် လက်ရာသေသပ် ကောင်းမွန်သော မြန်မာ့လက်မှုအနုပညာ အချောထည်ဒီဇိုင်းအဆန်းများအဖြစ် တီထွင်ဖော်ထုတ်ကာ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း နိုင်ငံတကာ ကျောက်မျက်ရတနာဈေးကွက်တခုအဖြစ် တိုးတတ်ဖြစ်ပေါ်လာစေရန်။


၁။           Mandalay Yatanar Mall ကျောက်မျက်ရတနာဈေးကြီးတွင် ကျောက်မျက်ရတနာမျိုးစုံတို့အား ပြည်တွင်းပြည်ပ ရောင်းဝယ်ဖောက်ကားရာ စီးပွားရေးဇုန်တခု ဖြစ်ပေါ်လာစေရေးနှင့် မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများအား နိုင်ငံတကာ အဆင့်မှီအချောထည် ဒီဇိုင်းဆန်းများအဖြစ် အသွင်ကူးပြောင်း စုစည်းပေါ်ထွက်လာရာဈေးကွက်တခု ဖြစ်ပေါ်လာစေရေးတို့ကို ရည်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။            ကျောက်မျက်ရတနာလုပ်ငန်းနှင့် ဆက်စပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေးတို့အား ဖော်ဆောင်နိုင်ရန် စက်မှု/လက်မှု အနုပညာဒီဇိုင်းသင်တန်းများ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးကို အထောက်အကူပြုစေမည့် သင်တန်းများကို ဖွင့်လှစ်ခြင်းနှင့် မျိုးဆက်သစ်ကျောက်မျက်ပညာရှင်များမွေးထုတ်ခြင်းတို့ကို ပရဟိတလုပ်ငန်းများနှင့် တွဲဖက်၍ စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။


 

ကျွန်တော်တို့ Mandalay Yatanar Mall ( Gems & Jewellery Shopping Mall ) သည် မန္တလေးမြို့၏ အချက်အချာလူစည်ကားရာနေရာဖြစ်သော ချမ်းအေးသာစံမြို့နယ်၊ (၃၄×၇၈)လမ်းထောင့် ရတနာပုံစူပါစင်တာ၊ ဒုတိယအလွှာတွင်တည်ရှိပြီး နိုင်ငံတကာအဆင့်မှီကျောက်မျက်ရတနာပစ္စည်းများ ရောင်းဝယ်သည့် ဆိုင်ခန်းပေါင်း (၃၈၂)ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိပါသည်။ မြန်မာနိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ နှင့် ကုန်သည်ကြီးများ ဆုံစည်းရာ နေရာဖြစ်ပြီး ကျောက်မျက်ရတနာ အမျိုးအစားပေါင်းများစွာကို တစ်နေရာတည်း၌ ( One Stop Services) ဝန်ဆောင်မှုဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်သည့် နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ရတနာဈေးကွက်တစ်ခုအဖြစ် ဖန်တီးပုံဖော် ထားရှိပါသည်။

01

Chairman - Mr. Kyaw Thura

RELAX Business Group Co.,Ltd.


Previous Event (Jan 15-19)

"The 1st Mandalay Yatanar Mall International Gems & Jewellery Fair-2019" was held at Mandalay Yatanar Mall, Yadanarpon Super Center , Mandalay , Myanmar.
Myanmar's renowned gemstones such as ruby, sapphire, jade, amber and pearl, along with more than a hundred different kinds of gems greatly showcased and displayed.


Booth Map

note copy

Address

+(959) 764077775 , +(959) 954077775

+(959) 764077775

Corner of 78th & 34th Street, 2nd Floor @ Yadanarpon Super Center, Mandalay, Myanmar.

Location